2026.06.22 お知らせ

Hello Eikay Sunflowerへようこそ!

မင်္ဂလာပါ Eikay Sunflower ကို တည်ထောင်သူ Eikay ဖြစ်ပါတယ်။

ကျွန်မက မြန်မာနိုင်ငံမှာ မွေးဖွားပြီး ဂျပန်နိုင်ငံ ကောလိပ်ကို ပြီးဆုံးပြီးနောက် 介護福祉士 (Care Worker) နိုင်ငံတော်စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ ပြီးနောက် ဂျပန်မှာ ကလေးထိန်းရင်း 介護教員 လက်မှတ်ကိုလည်း ရရှိခဲ့ပါတယ်။

စာလုပ်တုန်းက အခက်ဆုံးက “ဘာသာစကား အတားအဆီး” ပါ။ ခန်းဂျီစာလုံးတွေ မဖတ်တတ်၊ ရှင်းလင်းချက်ကို ဖတ်လည်း နားမလည်။ အလုပ်နဲ့ မိသားစုကြားမှာ အဘိဓာန်ကို ရှာရင်း တဖြည်းဖြည်း လေ့လာခဲ့တဲ့ နေ့ရက်တွေကို အခုထိ မှတ်မိနေပါတယ်။

အဲဒီလို ခံစားနေရသူတွေ ဘာသာစကားကြောင့် အိပ်မက်ကို မစွန့်လွှတ်စေချင်လို့ ဖုရိဂါနာနဲ့ မြန်မာဘာသာ ရှင်းလင်းချက် ပါတဲ့ အွန်လိုင်းသင်တန်း「目指そう介護福祉士講座」ကို စတင်ခဲ့ပါတယ်။

သင်တန်းမှာ အတန်း ၃ မျိုး ရှိပါတယ်။

  • ZoomClass:ဆရာနဲ့အတူ တိုက်ရိုက် သင်ယူခြင်း။ မှတ်တမ်းဗီဒီယိုကို နောက်ပိုင်း ပြန်ကြည့်နိုင်ပါတယ်။
  • VideoClass:ကိုယ့်အချိန်နဲ့ကိုယ် လေ့လာနိုင်တဲ့ ဗီဒီယို သင်တန်း။
  • PracticeClass:စာမေးပွဲအစစ်နဲ့ တူတဲ့ စမ်းစာမေးပွဲ။

ကျောင်းသားများအတွက် App ထဲမှာ ဗီဒီယို၊ စာအုပ်အပြင် ဆရာကို မေးမြန်းခြင်းနဲ့ ၂၄ နာရီ ဖြေပေးတဲ့ AI အကူအညီလည်း ပါဝင်ပါတယ်။ မြန်မာဘာသာ ရှင်းလင်းချက်လည်း ပါပါတယ်။

ဒီ Blog မှာ စာမေးပွဲ လေ့လာနည်း၊ 介護 အလုပ်မှာ အသုံးဝင်တဲ့ ဂျပန်စာ၊ ဂျပန်မှာ ကလေးထိန်းခြင်းနဲ့ နေထိုင်ခြင်း အကြောင်းတွေကို ဂျပန်/မြန်မာ နှစ်ဘာသာနဲ့ ရေးသွားပါမယ်။

ဘာသာစကား အတားအဆီးကို အတူတူ ကျော်ဖြတ်ကြရအောင်။

ဆက်သွယ်ရန်:info@eikaysunflower.com

သင်တန်းလျှောက်ထားရန်-https://eikaysunflower.com/form.html

← トップへ戻る